Judson Sunday
|
မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်သည်၊ နှစ်စဉ်နှစ်တိုင်း ယုဒဿတနင်္ဂနွေနေ့ကို၊ လူမျိုး စုနှင့်ဒေ သန္တရအဖွဲ့ချုပ်အသီးသီးရှိ၊ အသင်းတော်များတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုနှစ်တွင် လည်းယုဒသန် တနင်္ဂနွေနေ့သည် ၂၀၁၅ခုနှစ်၊ဇူလိုင်လ(၁၂)ရက်နေ့ဖြစ်ပါသည်။ ယုဒသန်နေ့နှင့် စပ်ဆိုင်သော အစဉ်များကို ကျင်းပပြုလုပ်ရာတွင် တစ်ပတ်တာသမ္မာကျမ်းစာခွန်အားယူခြင်း၊ အထူးဆုတောင်းခြင်း၊ အထူးအလှူ တော်ငွေ များကောက်ခံခြင်း၊ တရားပလ္လင်လဲလှယ်ခြင်း အစရှိသည့် အစီအစဉ်များအပြင် ဆရာကြီးယုဒသန်နှင့်ပါရမီဖြည့် များအား ဂုဏ်ပြုတေးသီချင်း ပြိုင်ပွဲများကိုလည်း မြန်မာပြည်အနှံပြုလုပ်ရန်စီစဉ်နေပါသည်။ ယုဒနှစ်သည် ယခင်
နှစ်များနှင့်မတူ အထူးသဖြင့် ဆရာကြီးယုဒသန်နှင့် ပါရမီဖြည့်ဖက်များ၏ သာသနာပြုစိတ်ဓာတ် (Mission Spirit)ကို နှစ်ခြင်းယုံကြည်သူများစိတ်တွင် ရရှိရန်ရည်ရွယ်လျှက် တစ်နိုင်ငံလုံးအတိုင်းအတာ ယုဒသန်စိတ် ဓာတ်နှိုးထမှုအား(National Movement)အသွင်ဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ ထိုနေ့တွင် ကောက် ခံရရှိသောအလှူ တော်ငွေသည် မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၏ သာသနာပြုလုပ်ငန်းများတွင်အ သုံးပြုလျက်ရှိပါသည်။ ယုဒသန်နေ့နှင့်စပ်ဆိုင်သော တပတ်တာခွန်အားယူရန် သမ္မာကျမ်းစာ သင်ခန်းစာ များနှင့် တရားဟောချက်များနှင့်အတူ မြန်မာနိုင်ငံနှစ်ခြင်း ခရစ်ယာန်အသင်းချုပ်၏ သာသနာ့လုပ်ငန်းများ ကိုလည်း မိတ် ဆွေတို့ ဖတ်ရှုနိုင်ရန် http://www.facebook.com/emd-mbcတွင်ဖေါ်ပြပေးထားပါသည်။ |
ဆရာကြီးယုဒသန်နှင့်ပါရမီဖြည့်ဖက်များအား ဂုဏ်ပြုတေးသီချင်းရေးစပ်ပြိုင်ပွဲ....
ဆရာကြီး ယုဒသန်နှင့် ပါရမီဖြည့်ဖက်များအား ဂုဏ်ပြု တေးသီချင်း ရေးစပ်ပြိုင်ပွဲကို၊ ၂၀၁၅ခုနှစ် ၊မေလ(၉) ရက်နေ့၊ ညနေ (၆း၀၀)နာရီတွင်နှစ်ခြင်း အသင်းချုပ်၊ ကူရှင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ၊ ပထမဆုအားတေး ရေးဆရာဂျီးနော်၊ဒုတိယဆုအား တေးရေးဆရာ ခွေးခွေ နှင့် တတိယဆုအား တေးရေးဆရာ သောရေထူးတို့မှ အသီးသီး ရရှိသွားပါသည်။ ပြိုင်ပွဲတွင် အမှတ်ပေးဒိုင် သူကြီးများအဖြစ် ကိုညီညီသွင်၊ ကိုသောမ(စ်)နှင့် စော ဂျိုးဂျိုတို့မှ ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ပါသည်။ ပြိုင်ပွဲမ စမီတွင် ဆရာဂျက်ဆင်ညိုနှင့် ဗီးနိုတို့မှ ချီးမွမ်းတေးများ သီဆိုကာ Praise & Worshipကိုဦးဆောင် ပေးခဲ့ကြ ပြီး၊ ၀တ်ပြုခြင်းတွင် တရားဒေသနာကို သိက္ခာတော်ရ ဆရာမန်းစံသိန်းထွန်းမှဟောကြားခဲ့ပါသည်။ ပြိုင်ပွဲတွင် Presenter အဖြစ် ဆရာဝင်းထွဋ်သာကြည်မှ ပြုလုပ်ခဲ့ ပါသည်။ အစီအစဉ်ကို သိက္ခာတော်ရဆရာ ဒေါက်တာ ရန်ခိုပေါင်ကောင်းချီးပေးခြင်းအားဖြင့်ရုပ်သိမ်းခဲ့ပါသည်။ |
~●ဆရာကြီးယုဒသန်၏သမိုင်းမှတ်တမ်းများ●~
![]()
|
(Short Biography of Adoniram Judson) |
~●နှစ်အလိုက်၊ယုဒသန်နေ့လက်စွဲစာအုပ်များ●~
![]()
![]()
|
(Judson Sunday Manual Book for 2014) ၂၀၁၅ခုနှစ်၊ယုဒသန်တနင်္ဂနွေနေ့အတွက်အစီအစဉ်လက်စွဲစာအုပ်အား Download ယူရန်...
(Judson Sunday Manual Book for 2015) |
(၂၀၁၅ခုနှစ်၊ယုဒသန်နေ့ဂုဏ်ပြု ခေတ်ပေါ်ဓမ္မတေးသီချင်း၊ရေးစပ်ပြိုင်ပွဲကို အောက်ပါအစီအစဉ်ပြုလုပ်မည်ဖြစ်ပါသဖြင့် ပါဝင်ယှဉ်ပြိုင်ကြရန်ဖိတ်ခေါ်ပါသည်)
၂၀၁၅ခုနှစ်၊ယုဒသန်နေ့ ဂုဏ်ပြု
ခေတ်ပေါ်ဓမ္မတေးသီချင်း၊ရေးစပ်ပြိုင်ပွဲ လက်ကမ်းစာစောင်အား
DOWNLOAD ယူရန်အောက်ပါ FILE တွင်ရယူနိုင်ပါသည်။
DOWNLOAD ယူရန်အောက်ပါ FILE တွင်ရယူနိုင်ပါသည်။
![](http://www.weebly.com/weebly/images/file_icons/pdf.png)
judson_song.pdf |